အဓိကအကြောင်းအရာသို့ သွားရန်

မြန်မာနိုင်ငံက တစ်ယောက်တည်း လည်ပတ်နေတဲ့ Online ဆိုင်များအတွက်

ChattyCat

ဝယ်သူမေးတာဖြေ၊ အော်ဒါစု၊ ပို့ဆောင်ရေးစာရင်း ပြင်ပေးတဲ့ ဆိုင်အကူ

Web Chat နဲ့ Telegram မှာ သင့်ပစ္စည်းစာရင်းနဲ့ သင်အတည်ပြုထားတဲ့ Bot အဖြေတွေပဲ သုံးပါတယ်။ မသေချာရင် သင့်ဆီ လွှဲပေးပါတယ်။

ကတ်မလိုပါ။ ၁၄ ရက်သုံးပြီး အော်ဒါ ၂၀ ပြည့်တဲ့အထိ အခမဲ့။

ရုံးခန်းအတွက်မဟုတ်၊ ဖုန်းတစ်လုံးအတွက် တည်ဆောက်ထားတယ်
မြန်မာစာကို အရင်သုံးပြီး လိုမှ English သုံးတယ်
ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်တိုင်းကို ဆိုင်ရှင် အတည်ပြုတယ်

ChattyCat ရှိရတဲ့အကြောင်း

နေ့တိုင်း အချိန်ကုန်နေတဲ့ အလုပ် လေးခု

တူညီတဲ့မေးခွန်းတွေကို ညအထိပြန်ဖြေနေရင်း အော်ဒါ၊ ငွေလွှဲ Screenshot နဲ့ လက်ကျန်ပစ္စည်းအားလုံးကို ခေါင်းထဲမှာ မှတ်ထားစရာမလိုပါဘူး။

  1. 01စျေး၊ လက်ကျန်၊ ပို့ခနဲ့ ရောက်မယ့်ရက်ကို ထပ်ခါထပ်ခါ ဖြေနေရတာ
  2. 02ငွေလွှဲ Screenshot တွေစစ်ပြီး ဘယ်သူရှင်းပြီးလဲ မှတ်နေရတာ
  3. 03အမည်၊ ဖုန်း၊ လိပ်စာနဲ့ COD ငွေကို ပို့ဆောင်ရေးစာရင်းထဲ ပြန်ကူးနေရတာ
  4. 04ဘာရောင်းကောင်းလဲ၊ ဘာကုန်တော့မလဲ၊ ဘာမလှုပ်တော့ဘူးလဲ ခန့်မှန်းနေရတာ

ဖုန်းနဲ့ လုပ်နိုင်တဲ့ အဆင့် သုံးဆင့်

၁၀ မိနစ်အတွင်း ကိုယ်တိုင် သီးသန့်စမ်းကြည့်ပါ

Setup Call မလိုပါဘူး။ Bot လိုအပ်တဲ့ အချက်အလက်အနည်းဆုံးကို ထည့်ပြီး ဝယ်သူဆီ မမျှဝေခင် အဖြေကို ကိုယ်တိုင်စစ်နိုင်ပါတယ်။

  1. 01

    ဆိုင်အမည်နဲ့ ဖုန်းထည့်ပါ

    ဆိုင်အမည်နဲ့ ဝယ်သူတွေ လက်ရှိသုံးနေတဲ့ ဖုန်းနံပါတ်ကို ထည့်ပါ။

  2. 02

    ပစ္စည်းအစစ် တစ်ခုထည့်ပါ

    အမည်၊ စျေး၊ လက်ကျန်နဲ့ ပုံကို ထည့်ပါ။ Database ထဲက အချက်အလက်ကိုပဲ အမှန်အဖြစ် သုံးပါမယ်။

  3. 03

    Private Test Chat မှာ စမ်းပါ

    ပစ္စည်းအကြောင်းမေး၊ အဖြေကိုစစ်ပြီး လိုတဲ့အချိန်မှာ ကိုယ်တိုင်ဝင်ဖြေနိုင်ပါတယ်။

ဆိုင်ရဲ့ တစ်နေ့တာ

ChattyCat ကို လွှဲပေးနိုင်တဲ့ အလုပ် ငါးခု

Tool တစ်ခုစီက နေ့တိုင်းထပ်လုပ်နေရတဲ့ အလုပ်တစ်ခုကို လျှော့ပေးပါတယ်။ ငွေ၊ ဝယ်သူနဲ့ လက်ကျန်ကို ထိခိုက်တဲ့ဆုံးဖြတ်ချက်တွေကို သင်ပဲ ဆက်ဆုံးဖြတ်ပါတယ်။

01

ထပ်ခါထပ်ခါ မေးတာတွေ ဖြေမယ်

ပို့ခ၊ ငွေပေးချေနည်း၊ ပစ္စည်းလဲလှယ်မှုနဲ့ ဆိုင်အချက်အလက်အတွက် အတည်ပြုထားတဲ့ Bot အဖြေတွေ ထည့်ပါ။ Chats မှာ ကိုယ်ဖြေထားတဲ့ အဖြေကောင်းကို Bot အဖြေအဖြစ် ပြန်စစ်ပြီး သိမ်းနိုင်ပါတယ်။

ပစ္စည်းစျေး၊ လက်ကျန်၊ Variant နဲ့ စုစုပေါင်းငွေကို Database ထဲကပဲ ယူပါတယ်။

02

ငွေလွှဲ Screenshot ကို စစ်မယ်

ChattyCat က ငွေပမာဏနဲ့ Reference ကိုဖတ်ပြီး ကိုက်ညီတဲ့ မရှင်းရသေးသော အော်ဒါတစ်ခုကို အဆိုပြုပါတယ်။ မရှင်းလင်းတဲ့ပုံတွေကို လူကိုယ်တိုင် စစ်ရန်ထားပါတယ်။

သင်အတည်မပြုမချင်း ရှင်းပြီးလို့ မသတ်မှတ်ပါဘူး။ နောက်ဆုံး Payment Action ကို ပြန်ဖြုတ်နိုင်ပါတယ်။

03

အော်ဒါကနေ ပို့ဆောင်ရေးအထိ လုပ်မယ်

အော်ဒါရှာ၊ Filter စစ်၊ Status ပြောင်း၊ Excel ထုတ်ပြီး အတည်ပြုပြီး အော်ဒါတွေကို COD ကျသင့်ငွေမှန်နဲ့ Delivery Manifest ထုတ်နိုင်ပါတယ်။

ဝယ်သူအမည်၊ ဖုန်း သို့မဟုတ် လိပ်စာမပြည့်ရင် Download မလုပ်ခင် ပြပေးပါတယ်။

04

ပစ္စည်းပုံကနေ Draft Catalog လုပ်မယ်

ပစ္စည်းပုံ ၁၀ ပုံအထိ တင်ပါ။ မြန်မာနဲ့ English အမည်၊ ဖော်ပြချက်၊ အမျိုးအစား၊ မြင်ရတဲ့အချက်အလက်နဲ့ Variant တွေကို Draft လုပ်ပေးပါတယ်။

သင်စျေးနဲ့ လက်ကျန်ကို အတည်ပြုပြီးမှ Product အဖြစ် တင်ပါတယ်။

05

ညနေတိုင်း အသုံးဝင်တဲ့ Message တစ်ခုပဲ ရမယ်

သင်ရွေးထားတဲ့အချိန်မှာ ဒီနေ့အော်ဒါ၊ ရငွေ၊ မရှင်းရသေးတဲ့ငွေနဲ့ လက်ကျန်နည်းပစ္စည်း ငါးခုအထိ Telegram မှာ ပို့ပေးပါတယ်။

ဆိုင်တစ်ဆိုင်ကို တစ်ရက်တစ်ကြိမ်ပဲ ပို့ပြီး Message Log ထဲမှာ ဝယ်သူအချက်အလက် မသိမ်းပါဘူး။

ယုံကြည်မှုအတွက် စည်းကမ်းများ

Bot က ကူလုပ်ပေးပေမယ့် ဆုံးဖြတ်ခွင့်ကို မယူပါဘူး

စျေးမှားတာနဲ့ ငွေလွှဲပုံပေါက်ကြားတာက အော်ဒါတစ်ခုလွတ်တာထက် ဆိုင်ရှင်ကို ပိုထိခိုက်နိုင်ပါတယ်။ ဒီစည်းကမ်းတွေက ChattyCat အလုပ်လုပ်ပုံထဲမှာ ပါပါတယ်။

ပစ္စည်းအချက်အလက်ကို Catalog ကပဲ ယူတယ်

Bot အဖြေက ဆိုင်မူဝါဒကို ရှင်းပြနိုင်ပေမယ့် စျေး၊ လက်ကျန်၊ Variant၊ Discount နဲ့ စုစုပေါင်းကို ပြောင်းမရေးနိုင်ပါဘူး။

ငွေကြေး Action ကို သင်အတည်ပြုရတယ်

Payment Matching က အဆိုပြုချက်ပဲ ပြပါတယ်။ Orders ထဲမှာ သင်အတည်ပြု၊ ငြင်း သို့မဟုတ် ပြန်ဖြုတ်နိုင်ပါတယ်။

ငွေလွှဲပုံနဲ့ Chat ပုံတွေကို သီးသန့်ထားတယ်

Private File တွေကို Login စစ်ထားတဲ့ ChattyCat URL ကနေပဲ ပြပြီး ငွေလွှဲပုံတွေကို Cache မထားပါဘူး။

Browser က ChattyCat ကိုပဲ ဆက်သွယ်တယ်

Database နဲ့ Storage Connection တွေကို ChattyCat Server နောက်မှာ ထားတာကြောင့် ဆိုင်ရှင် Browser က Supabase ကို တိုက်ရိုက်မဆက်သွယ်ပါဘူး။

Plan များ

တကယ့်အော်ဒါနဲ့ စမ်းပြီးမှ ငွေပေးပါ

အလုပ်လုပ်တဲ့ Product ကို အရင်သုံးပါ။ Trial သတ်မှတ်ချက်တွေ ပြည့်ပြီးမှ Paid Plan ကို ရွေးပါ။

လူကြိုက်များ

Basic

49,900MMK/လ

  • 3,000 messages/day
  • Priority support
  • Custom AI training
  • CSV import
  • Telegram notifications
  • Brand customization
အခမဲ့ စတင်မည်

အနည်းဆုံး ၁၄ ရက်ပြည့်ပြီး ဖျက်မထားသော အော်ဒါ အနည်းဆုံး ၂၀ ပြည့်တဲ့ သတ်မှတ်ချက်နှစ်ခုလုံး ပြည့်မှ အခမဲ့ Trial ပြီးဆုံးပါတယ်။

ပထမဆုံး စမ်းကြည့်မယ့်အရာ

ပစ္စည်းတစ်ခုထည့်ပါ။ တကယ့်မေးခွန်းတစ်ခုမေးပါ။ အဖြေကို ကိုယ်တိုင်ကြည့်ပါ။

ChattyCat ကို ဖုန်းနဲ့ Setup လုပ်ပြီး အဆင်သင့်ဖြစ်တဲ့အထိ Test Chat ကို သီးသန့်ထားနိုင်ပါတယ်။

အခမဲ့ စတင်မည်